Thursday, December 17, 2015



Sony Z2 & Z3 ရဲ့ Lollipop version 5.0.2 ကို Root လုပ်နိုင်ရန် အတွက် ကတော့ လွယ်ကူ ပါတယ်။

အရင်ဆုံး လိုအပ်တာ လေးတွေကို အောက်မှာ Download ရယူ လိုက်ပါ။



ပေးထားတာ လေးတွေ Download ရ ယူ ပြီးရင်တော့ စပြီး Root ရအောင် ...

အရင်ဆုံး apk လေး တွေကို install လုပ်လိုက်ပါ။ အားလုံး install လုပ်ပြီး ရင်တော့ King Root apk ကို ဖွင့်လိုက်ပါ။

ပြီးရင် တရုတ်စာသားလေးနဲ့ Root ဆိုတာလေး ပေါ်လာပါမယ်။ အဲဒါလေးကို နှိပ်လိုက်ပါ။ apk မှာ အလုပ် လုပ်ပေး နေပါမယ်။

100% ပြည့်ရင် finish ပြပါမယ်။ ဘာမှ မနှိပ်ပါနဲ့ ပြန်ထွက် လိုက်ပါ။

ပြီးရင် Busybox apk ကို ဖွင့်လိုက်ပါ။ box တစ်ခု ပေါ်လာပါမယ်။ allow နှိပ်ပေးလိုက်ပါ။

ပြီးရင် install ဆိုတာကို နှိပ်လိုက်ပါ။ Success ပြရင် ပြန်ထွက် လိုက်ပါ။

XZRecovery apk ကို ဖွင့်လိုက်ပါအုံး :) …

ပြီးရင် install recovery ဆိုတာကိုနှိပ်လိုက်ပါ။

box တစ်ခုကျလာပါမယ်။ allow ကိုနှိပ်ပေးလိုက်ပါ။

သူ့ဖာသူ အလုပ် လုပ်သွားပြီး ဖုန်းမှာ power shutdown ဆိုတာ ပြပါမယ်။ ခဏစောင့် ပေးလိုက်ပါ။ recovery mode ထဲကို ရောက်သွားပါမယ်။ install ဆိုတာကိုနှိပ်လိုက်ပါ။ down ထားတဲ့ SuperSU.zip လေးကို လိုက်ရှာပြီး install လုပ်ပေး လိုက်ပါ။ အလုပ် လုပ်ပေးနေ ပါလိမ့်မယ်။

done ဆိုပြီးပြရင် reboot system now ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Root လုပ်ခြင်း ပြီးဆုံးပါပြီ။ ��

မြန်မာစာ ထည့်လို သူများကတော့ ကိုဆိုင်းခိုင်တင့် ရဲ့ Lollipop zawgyi installer.exe လေးနဲ့ မြန်မာစာကို အဆင်ပြေပြေ ထည့်သွင်း အသုံးပြုနိုင်ပါတယ် ခင်ဗျာ။

No comments:

Post a Comment