Thursday, December 17, 2015



Android ကို စတင် လေ့လာဖို့ ကျိုးစား နေသူတွေ အနေနဲ့ အများပြော နေကြတဲ့ Bootloader, Firm
ware, ADB, Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing, Rooting,
Baseband စသဖြင့် စာလုံး အထူး အဆန်း တွေချည်း တွေ့ရလို့ လေ့လာ ချင်စိတ် ကုန်သွား တတ်သ
လို တစ်လုံး စီနဲ့ သူတို့ရဲ့ သီးသန့် အလုပ် လုပ် ပုံကို အတိ အကျ မသိရင် နာမည်သာ ခေါ်နေပေမယ့်
အနှစ် သာရ မဲ့နေ တတ်ပါတယ်၊ တကယ် လေ့လာလို သူတွေ အနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ် နဲ့ အ
သုံး ၀င်ပုံ အသေးစိတ် အလုပ် လုပ်ပုံ တို့ကို သေချာ သိကို သိထား ရပါမယ်။

ဒီပို့စ်မှာ အထက်က စာလုံးတွေ အကြောင်း ရှင်းသွား ပေးပါမယ်၊ တကယ် ပညာရှင် အဆင့် တက်
လှမ်းချင် သူတွေ အတွက် Open Source ဖြစ်တဲ့ Android က မည်သူ မဆို ဒေါင်း ယူနိုင် ပြီး ကြိုက်
သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊ စိတ်ကြိုက် ပြောင်းနိုင် ပြီး မိမိနဲ့ အသင့်တော် ဆုံး ဖြစ်တဲ့ System
တစ်ခု ဖြစ်သွားတဲ့ အထိ ပြုပြင် ယူလို့ ရပါတယ်။

Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစ တင်ခင် အလုပ် လုပ်တဲ့ Code အစိတ် အပိုင်းလေး
ကို ခေါ် ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင် အလုပ် လုပ်အောင် ခေါ်မယ် ညွန်ကြား
ချက်တွေ ပါ ပါတယ်၊ Bootloader က Internal Memory ထဲမှာ ရှိတဲ့ Paratition တွေအားလုံးက ရဲ့
ပထမ ဆုံး Partition မှာ တည်ရှိ မှာ ဖြစ်ပြီး အခြား Partitions တွေ အားလုံး ကို သွားမယ့် Check
Point ပါပဲ၊

Bootloader ဘယ်လို အလုပ် လုပ်တာလဲ

Power စဖွင့် တာနဲ့ ROM ထဲမှာ ရှိတဲ့ Boot ROM Code က စပြီး အလုပ် လုပ်ပါတယ်၊ ပြီးရင်
Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and
GRUB/LILO တို့ ပါဝင်တယ်၊ Bootloader အလုပ် စပြီ ဆိုတာနဲ့ init.S ဖိုင် စအလုပ် လုပ်တယ် ၊
အရင် ဆုံး BSS segment ကို 0 တန်ဖိုး ရောက်သွားအောင် ရှင်းတယ်၊ ပြီးရင် main.c ဖိုင်ကို စခေါ်
မယ်၊ main.c ဖိုင် စအလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad,
console တို့ကို စတင်စေမယ်၊ ပြီးရင် Linux Tags ကို ဖန်တီးပြီး Linux Kernel image ကို Memory
ကနေ ၀င်တင်မယ်။

Botloader ရွေးချယ်မှု

Bootloader က Phone မှာ ပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက်
မှန်ကန်တဲ့ processor ကို အသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ် Android OS က Open Source
ဖြစ်တဲ့ အတွက် ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီ တွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်
ညီတဲ့ Bootloader version ကို Develop လုပ်ထား ကြပါတယ်၊ Android ဖုန်းတွေမှာ ပါဝင်တဲ့ Boot
loader တွေကို အမြဲတမ်း Locked ချ ထားပါတယ်၊ ဒီလို လုပ်ထား တာကတော့ ထုတ်လုပ်တဲ့ ကုမ္မ
ဏီတွေကို သူတို့ ထုတ်လုပ်တဲ့ ဖုန်းကို သူတို့ ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေ ချင်လို့ပါ၊
Bootloader ကို Locked လုပ်ထားရင် Custom ROM install လုပ်လို့ မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ် ရပါတယ်။

Kernel ဆိုတာ ဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲ မှာသာလျှင် ရှိတာ မဟုတ်ပဲ IOS,MacOS,Window,Black
Berry's QNX တို့မှာလဲ ရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခု
တော့ ပါဝင် ပါတယ်၊

ခု ပြော မှာက Android အကြောင်း ဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပြီး ပြောသွား ပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux Operation
System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်း မတူပါဘူး၊ Android Kernel မှာ Android အ
တွက် သီးသန့် Build-in code တွေ ပါနေ ပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေ
အတွက် Android Versions အသစ် တွေကို Android ဖုန်း အဟောင်း တွေမှာ ထည့်သွင်းပြီး
အားလုံး အဆင်ပြေပြေ အလုပ် ဖြစ်အောင် လုပ်ဖို့ အတော့ကို စောင့်ရပါတယ်၊

Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အ
လုပ် လုပ်မှာ မဟုတ် ပါဘူး၊ ဒီကစ္စက လဲ အရေးကြီး ပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hard
ware ကို ထိန်းချုပ်ဖို့ တာဝန်ကို ယူထား လို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲတကယ့်ကို များလှ
ပါတယ်၊ Kernel ရဲ့ အဓီက တာဝန် ကတော့ Hardware နဲ့ Software တို့ ကြားမှာ နှစ်ဖက် ညွန်
ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုး ကိုမဆို Hardware ကို လုပ်စေ ချင်တဲ့ အခါ ကျရင် Hard
ware ကို တိုက်ရိုက် အမိန့် မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင် လှမ်းပို့ ပါတယ်၊ ဒီနေရာမှာ
အလုပ် ဆိုတာက ဖုန်းကလုပ်နိုင်တဲ့ အလုပ်အားလုံးကို ညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်
ချိန်တာတို့ အသံ အနိမ့် အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်
နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့် အလုပ်မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hard
ware ကို လုပ်မယ့် အလုပ်ကို ညွန်ကြား ပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က
ကင်မရာ (Camera) ရိုက်တဲ့ ခလုပ် မှာ ကလစ် တစ်ချက်နှိပ်ပြီး ဓါတ်ပုံ ရိုက်တယ် ဆိုပါစို့ ၊ ခလုပ်
ကိုနှီပ်လိုက် တာနဲ့ကို software က Event တစ်ခုကို နားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့
နေရာကို driver က တဆင့် Kernel ကို ပို့မယ်၊ kernel ကလဲ ရလာ တဲ့ အချက်နဲ့ ပတ် သက် တဲ့
command ကို Camera hardware ကိုလှမ်းပို့မယ် Camera Hardware က ဓါတ်ပုံကိုရိုက်ပေးမယ်
ဒီလို Software က Input လုပ်လိုက် တာကို Kernel က ယူပြီး Output တစ်ခု အဖြစ် Hardware
ကိုပြန်ပေး ပါတယ်၊

အကယ်၍ Kernel သာ မရှိခဲ့ ရင်တော့ Developers တွေက အလုပ် တစ်ခုစီ အတွက် အလွန့် အ
လွန်များပြား လှတဲ့ machine Code တွေကို ရေးပြီး Hardware ကို ခိုင်းစေ ရမှာဖြစ် ပါတယ်၊ Ker
nel က ကြားခံ ပေးထားတဲ့ အတွက် Application Developers တွေ အနေနဲ့ Android System
API's တွေ ကနေ တစ်ဆင့် Kernel ဆီကိုResquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်
ဆက် အလုပ် လုပ်ဖို့သာ Develop လုပ်ရမှာ ဖြစ်သလို Hardware Developers တွေကလဲ သူတို့
Develop လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြု နိုင်အောင် သာ Develop လုပ်
ပေးစရာ လိုပါတယ်။

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကို ဆိုလို ပါတယ်၊ CWM ကို Android သုံး ဖုန်းနဲ့ Tablet
တွေ Recovery လုပ်ဖို့ သုံးပါတယ်၊ ဒီလို CWM သုံးပြီး recover လုပ်တာ ကိုပဲ CWM recovery လို့
ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်း အားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်
သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom
ROM ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေ အများကြီးကို လုပ်သွား
နိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို နားမလည် သေးသူတွေ အတွက် ClockWorkMod ကို
သုံးပြီး Recovery လုပ်ရင် အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘော
ပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊

Android Devices တွေ အားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပြီး
ကုမ္မဏီတွေက ထုတ်လုပ် ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အ
ကယ်၍ မလိုလား အပ်တဲ့ ပြသနာတွေ တက်လာပြီ ဆိုရင် ကျွန်တော်တို့ Factory Reset သုံးပြီး
Recover လုပ်နိုင် ပါတယ်၊ ဒါမှ မဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင် ပါ
တယ်၊ ဒီလို အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့ အ
လုပ်မျိုးကို လုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လို မဟုတ်ပဲ Stock
Recovery လုပ်နိုင် သမျှကို လုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်
အောင် အဆင့် မြင့်တဲ့ Options တွေ ပါလာ ပါတယ်၊ Custom Recovery ကိုသုံးရင် တရားဝင်
ကော တရားမ၀င် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ် အခြား Application Update လုပ်
ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါ အ၀င်
ဖုန်း Partition တွေ အားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များ
ဖြတ် ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်း
တွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော အလုပ်တွေ အများကြီးကို စိတ်ကြိုက် လုပ်
နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ ပါတယ်၊ Android ROM
Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog
နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင် ပါတယ်၊

Firmware နဲ့ ပက်သက်သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကို ထည့်ရေး ထားတဲ့ Software program
ကို ဆိုလို ပါတယ်၊ Window computer တွေမှာ သုံးတဲ့ window7 install လုပ် သလိုပါပဲ၊ ဖုန်း
အတွက် Firmware Install လုပ်တယ် ဆိုရင်တော့ Froyo, Gingerbread, HoneyCamb, ICS,
Jelly Bean, Kitkat တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်း
မှာ မတူညီတဲ့ Firmware နဲ့ installation Tool တွေရှိပါတယ် ဒါ့ကြောင့် ကြိုက်တဲ့ဖုန်းမှာ ကြိုက်
တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊

တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကို ဆိုလို ပါတယ်၊
ဒီတော့ read only ဖတ်လို့ပဲ ရမယ် ရေးလို့ မရဘူး ဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပြီး
ROM ထဲက Firmware ကို Update လုပ်နိုင်မှာ လဲလို့ တွေးစရာပါ၊ သဘော တရားအရ တော့
ROM ထဲမှာ Firmware ရှိတယ်ပေါ့ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကို ထည့်ရေး ကုန်ကြ ပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲ ခေါ်တယ်၊

အကြောင်း ကတော့ သီအိုသီ သဘော မှာ Firmware က ROM ထဲမှာ ရှိတယ်၊ ROM ဆိုတာ
Read Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိ တယ်
ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မ
ထည့်တော့ပါဘူး Firmware ကို ဖုန်းရဲ့ internal flash meonry ထဲမှာထည့်ထားတယ် internal
flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့် firmware အသစ် တစ်ခုကို flash လုပ်
လို့ရတာပေါ့၊

Flashing ဆိုတာ ဘာလဲ

Flashing လုပ်တယ် ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်း
တာကို ဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာ ရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊
Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့
ကုမ္မဏီက ထည့်သွင်းပေး တဲ့ Functions တွေကို ပြောင်းလဲ ပြီး ပိုမို ကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှုကို ရရှိနိုင် ပါတယ်။

Rooting ဆိုတာ ဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာ ရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ ရ
နိုင်မယ့် အခွင့်အရေး ရချင်လို့ Root access လုပ်ကြ ပါတယ်၊ ဒီ အခွင့်အရေး ရယူနိုင်ခြင်း ကိုပဲ
Root Access ရတယ်လို့ ခေါ်ပါတယ်၊

Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File
System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကို လိုသလို အသုံးချနိုင်ရင် Booting
နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူ တွေကိုလဲ လိုသလို ပြုပြင်နိုင် ပါပြီ၊ ဒါတင် မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH
(Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host
Configuration Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အ
သုံးပြုနိုင် ပါပြီ၊ Android System ရဲ့ လုပ်ဆောင်မှု တွေထဲက ရပ်ချင် သမျှ လုပ်ဆောင်ချက် တွေ
ကိုလဲ ရပ်ထား နိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင် သွား ပါတယ်၊ အခြား
အခြား အခြား သော အချက်တွေ အများ အများကြီး ကိုလဲ လုပ်နိုင် ပါသေးတယ် ဒီအချက်တွေ
က Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လည်း ခေါ်ပါတယ်။

ထုတ်လုပ်သူတွေက သူတို့ Device တွေကို ရောင်းချတဲ့အခါ Software restrictions တွေ ပါလာ
ပါတယ်၊ ဒီလို Software Restrictions တွေ ပါလာ ရတဲ့ အကြောင်း အမျိုးမျိုး ရှိပါတယ်၊ တစ်ချို့
ကုမ္မဏီတွေ က သူတို့ ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပြီး Restrictions
ထည့် ပါတယ်၊ ဘယ်လို အကြောင်း ကြောင့် ပဲဖြစ်ဖြစ် ကန့်သတ် ချက်တွေ ပါဝင် နေခြင်းဟာ
Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ ပုံစံ အတိုင်းပြောင်းလဲဖို့ ကြိုးစားတဲ့အခါ မျိုး
(သို့) အဆင့်မြင့်တဲ့ ပြင်ဆင်မှု ပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့ အခါမျိုးမှာ ကာဆီး နေတတ် ပါတယ်၊
ဒီလို အကာ အဆီးကို ကျော်ဖြတ်ပြီး စိတ်ကြိုက် ထိန်းချုပ်နိုင်အောင် Root access ရဖို့ ကြိုးစား
ကြပါတယ်၊

Rooting လုပ်ခြင်းက Android သုံး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္မဏီတွေက ကန့်သတ် ထားတဲ့ ကန့်
သတ်ချက် တွေကို ချိုးဖြတ်ပြီး software ကို အကန့်အသတ်မရှိ အသုံးပြုခြင်း ပါပဲ၊ ဒီလို Rooting
လုပ်ခြင်း အားဖြင့် ကျွန်တော် တို့ကိုကန့်သတ် ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေး
ချင်တာ ရေးနိုင်သလို ပြုပြင်လို သမျှကို ပြုပြင် သွားနိုင် ပါတယ်။

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပြီး နှစ်မျိုး ရှိမယ်၊ Stock ROM က ဖုန်းဝယ် တုန်းက ပါလာတဲ့
Phone Operation System. Stock ROM မှာ Software Restriction တွေ ထည့်သွင်း ထားတဲ့ အ
တွက် စိတ်ကြိုက် အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေ ပါတယ်၊ Custom ROM ဆိုတာ
ကတော့ OS Version တစ်ခုပါ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခု လုံးကို အလုပ် လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services
တွေပါမယ် တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software
Restriction တွေ မပါခြင်း ပါပဲ၊ ဒီတော့ Custom ဆိုတဲ့ စကား လုံးက ဘာကို ရည်ညွန်း ပါသလဲ၊
Android က Open Source ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခ မဲ့ ယူ
လို့ ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ ရတယ် ဖျက်ပစ် လိုရာ ဖြတ်ထုတ် နိုင်တယ်၊ ထပ် ထည့်
လိုတာ ထပ်ထည့်နိုင် တယ်၊ အရည် အချင်း ရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်း လဲပြီး
စိတ်ကြိုက် ROM ကို တည်ဆောက် ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
ကိုပဲ Custom ROM လို့ခေါ်တာပါ၊

ADB ဆိုတာဘာလဲ

ADB ရဲ့ မူရင်း စာလုံး ကတော့ Android Debug Bridge ပါ၊ သူ နာမည် အတိုင်းပါပဲ သူက ဖုန်းကို
ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြား ချိတ်ဆက် နိုင်တဲ့ တံတား တစ်စင်းပါ၊ Android Phone
က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူ
တာကနေ ဖုန်း ရဲ့ adb Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊

ဒီလိုလုပ်ပီး commands တွေကို အလုပ် လုပ်စေနိုင် ပါတယ်၊ ဖုန်း အလုပ် လုပ်ပုံတွေ မမှန်တော့
တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပြီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့ နည်းပါ၊ ဒီနည်း
အတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands
တွေပို့ပြီး အလုပ် မလုပ်ဖူးသေး ရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင် မှူကို ခံစားဖူးအုံး မှာ မ
ဟုတ်သေးပါဘူး၊

Baseband ဆိုတာဘာလဲ

Baseband ဆိုတာ ကတော့ ဖုန်းတွေမှာ သုံးတဲ့ Raido ကို ဆိုလို ပါတယ်၊ ဖုန်း Version နဲ့ ထုတ်
လုပ်တဲ့ ကုမ္မဏီအလိုက် Raido Version တွေလည်းကွာပါတယ် Raido File တွေကို Recovery
tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့)
Modem နဲ့ ROM Version တို့ ကိုက်ညီမှု မရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသ
နာ တက် နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို
ရွေးချယ် နိုင်ဖို့ လိုသလို ဖုန်းနဲ့ ကိုက်ညီ တဲ့ network နဲ့ bandwidth တို့ကိုလဲ ရွေးချယ် နိုင်ဖို့ လို
အပ်ပါတယ်၊

Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေး အတွက် low-level functions တွေကို
သုံးပြီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက် အသုံးပြုနိုင်စေ ပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပတ်
သက်တဲ့ ပြသနာမျိုး Android Device မှာ တွေ့ကြုံ နေရပြီဆိုရင်တော့ Radio Firmware ကို Up
date လုပ်ဖို့ လိုပါပြီ၊ Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှု တွေကို
ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှု ကိုလည်း ရှော့ချပေးနိုင်ပါတယ်။

ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေ ပါဝင် ပါတယ်၊ ဒီ Chipsets တွေကို ထိန်း
ချုပ်ဖို့ အတွက် Software မျိုးစုံ ကိုလည်း ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြ
ပါတယ်။

ဒီပိုစ်ကို pdf ဖို်င် အဖြစ်ဒေါင်းလုဒ်ရယူချင်ရင် အောက်ကလင့်မှာ ရယူနိုင်ပါသည်။

http://goo.gl/7HwTYU

No comments:

Post a Comment