Thursday, December 17, 2015


Android ကို စတင် လေ့လာဖို့ ကျိုးစား နေသူတွေ အနေနဲ့ အများပြော နေကြတဲ့ Bootloader , Firmware,
ADB , Stock ROMs, Custom ROMs, OS Kernel,ClockworkMod, Flashing , Rooting , Baseband
စသဖြင့် စာလုံး အထူးအဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့သူတို့ရဲ့
သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တ
ကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့အဓီပါယ်နဲ့ အသုံးဝင်ပုံအသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ
သိကိုသိထားရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊

တကယ့် ပညာရှင်အဆင့် တက်လှမ်း ချင်သူတွေ အတွက် Open Source ဖြစ်တဲ့ Android ကမည်သူ မဆို
ဒေါင်းယူနိုင်ပြီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊ စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့
System တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ ရပါတယ်။

Bootloader ဆိုတာဘာလဲ
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code အစိတ်အပိုင်းလေးကိုခေါ်ပါ
တယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ် လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါ ပါတယ်၊
Bootloader က InternalMemory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာတည်
ရှိမှာဖြစ်ပြီး အခြား Partitions တွေ အားလုံးကို သွားမယ့် Check Point ပါပဲ၊ Bootloader ဘယ်လို အလုပ်
လုပ်တာလဲ Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ပီးရင် Boot
loader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ BootStrap Firmware ထဲမှာ MBR and GRUB /
LILO တို့ပါဝင်တယ်၊

Bootloader အလုပ် စပြီဆိုတာနဲ့ init.S ဖိုင် စ အလုပ် လုပ်တယ် ၊ အရင်ဆုံး BSS segment ကို 0 တန်ဖိုး
ရောက်သွားအောင်ရှင်းတယ် ပြီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စအလုပ်လုပ်တာနဲ့ hardware
အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,keypad, console တို့ကိုစတင်စေမယ် ပီးရင် Linux Tags ကိုဖန်
တီးပြီး LinuxKernel image ကို Memory ကနေ တင်မယ် Botloader ရွေးချယ်မှု Bootloader က Phone
မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့အတွက် မှန်ကန်တဲ့ processor ကိုအသုံး
ပြုဖို့ အလွန် အရေးကြီးလှ ပါတယ်၊

Android OS က Open Source ဖြစ်တဲ့ အတွက်ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း
Hardware နဲ့ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊

Android ဖုန်းတွေမှာ ပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလို လုပ်ထားတာ
ကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီ တွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်းကို သူတို့ ထုတ်လုပ် တဲ့ OS version နဲ့ ပဲ
တွဲသုံးစေချင်လို့ပါ Bootloader ကို Locked လုပ်ထားရင် Custom ROM install လုပ်လို့မရဘူး ဒါကြောင့်
CustomROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊

Kernel ဆိုတာဘာလဲ
Kernel ဆိုတာက Android တစ်ခုထဲမှာ သာလျှင် ရှိတာ မဟုတ်ပဲ IOS, MacOS, Window, BlackBerry's
QNX တို့မှာလဲ ရှိပါတယ်၊ High LevelOperation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊
ခု ပြောမှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပြီးပြောသွားပါမယ်၊

Android သုံးသမျှ ပစ္စည်း တွေက Linux Kernel ကို သုံးကြ ပါတယ်၊ ဒါပေမယ့် LinuxOperation System
က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ AndroidKernel မှာ Android အတွက် သီးသန့် Build
-in code တွေ ပါနေ ပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေ အတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်း တွေမှာ ထည့်သွင်း ပြီး အားလုံး အဆင်ပြေပြေ အလုပ်ဖြစ်အောင်
လုပ်ဖို့ အတော့ကို စောင့်ရပါတယ်၊

Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwichkernel အတွက် အလုပ် လုပ်
မှာ မဟုတ် ပါဘူး၊ ဒီ ကိစ္စက လဲ အရေးကြီး ပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardwareကို ထိန်းချုပ် ဖို့
တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲတကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်
ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက် တွေကို နာလည်အောင် လုပ်ကိုင်ပေး
ဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ် မျိုးကို မဆို Hardware ကို လုပ်စေ ချင်တဲ့ အခါ ကျရင် Hardware ကို
တိုက်ရိုက်အမိန့်မပေးပဲနဲ့ Kernel ကိုညွန်ကြားချက် အရင် လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ် ဆိုတာက ဖုန်း
ကလုပ်နိုင်တဲ့ အလုပ် အားလုံးကို ညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင် ချိန်တာတို့၊ အသံ အနိမ်း အမြင့်
ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပြီး ဖုန်းခေါ်ဆို တာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့စသဖြင့် အလုပ် မှန်
သမျှကို Software က လုပ်လိုတဲ့ အခါ ကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါ
တယ်၊ အဲ့ဒီ့ အခါမှာKernal က တဆင့် Hardware ကို လုပ်မယ့် အလုပ်ကို ညွန်ကြားပါတယ်၊

ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ ခလုပ်မှာ ခလစ် တစ်ချက်နှိပ်
ပြီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကို နားထောင်လို့ ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ် kernel ကလဲ ရလာတဲ့အချက်နဲ့ပတ်
သက်တဲ့ command ကို Camera hardware ကို လှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေး
မယ် ဒီလို တစ်ခုက Software က Input လုပ်လိုက် တာကို Kernel က ယူပြီး Output တစ်ခု အဖြစ်Hard
ware ကို ပြန်ပေးပါတယ်၊ အကယ်၍ Kernel သာ မရှိခဲ့ရင်တော့ Developers တွေက အလုပ် တစ်ခုစီ အ
တွက် အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပြီး Hardware ကိုခိုင်းစေရမှာဖြစ်ပါတယ်။

Kernel က ကြားခံ ပေးထားတဲ့ အတွက် ApplicationDevelopers တွေ အနေနဲ့ Android System API's
တွေကနေ တစ်ဆင့် Kernel ဆီကိုResquest တွေ အလွယ်တစ်ကူ ပို့နိုင်ပြီး Kernel နဲ့ ချိတ်ဆက် အလုပ်
လုပ်ဖို့သာDevelop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Developလုပ်တဲ့ Hard
ware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာ လို့ပါတယ်၊

CWM ဆိုတာဘာလဲ
CWM ဆိုတာ ကတော့ Clock Work Mod ကို ဆိုလို ပါတယ်၊ CWM ကို Android သုံး ဖုန်းနဲ့ Tablet တွေ
Recovery လုပ်ဖို့ သုံးပါတယ်၊ ဒီလို CWM သုံးပြီး recoverလုပ်တာ ကိုပဲ CWM recovery လို့ခေါ် ပါတယ်၊
CWM recovery လုပ်ခြင်း အားဖြင့်Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည် သိုလှောင်ခြင်း root
access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း အသုံး
ပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်အလုပ်တွေ အများကြီးကို လုပ်သွားနိုင်ပါတယ်၊

Android အခြေခံ အဆင့် ကိုနားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်
ရင် အခက်အခဲ တွေ့နိုင် သလို CWM recovery က အစွမ်း ကိုလဲ သဘော ပေါက်ဖို့ ခက်ခဲနေ ပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်းအတွင်းပိုင်း memory ထဲ ထည့်ပြီး ကုမ္မဏီ
တွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေBoot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလား
အပ်တဲ့ ပြသနာတွေတက်လာပြီဆိုရင် ကျွန်တော်တို့ Factory Reset သုံးပြီး Recover လုပ်နိုင်ပါတယ် ဒါ
မှ မဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင် ပါတယ်၊ ဒီလို အချက် လောက် သာလျှင်
လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့အလုပ်မျိုးကိုလုပ်နိုင်ပါတယ် Custom Recovery
ကတော့ Stock Recovery လို မဟုတ်ပဲ Stock Recovery လုပ်နိုင် သမျှကို လုပ်နိုင် တဲ့ အပြင် ကိုယ်ပိုင်
Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့ Options တွေ ပါလာပါတယ်၊ Custom Rec
overy ကို သုံးရင် တရားဝင်ကော တရားမ၀င် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊

အခြား Application Updateလုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်အသုံးပြုခြင်း
User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik
Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခြင်း resotre နဲ့ Backup မှာစိတ်ကြိုက်အစိတ်အပိုင်း
တွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော အလုပ်တွေ အများကြီးကို စိတ်ကြိုက် လုပ်နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ AndroidROM Manager
ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Androiddevices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့
ကို ရှာတွေ့နိုင်ပါတယ်၊Firmware နဲ့ ပက်သက်သမျှFirmware ဆိုတာက ROM (read only memory)
ထဲကိုထည့်ရေးထားတဲ့ Softwareprogram ကိုဆိုလိုပါတယ်၊

Window computer တွေမှာ သုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်း အတွက် Firmware Install
လုပ်တယ်ဆိုရင်တော့ Froyo, Gingerbread, HoneyCamb, ICS, Jelly Bean,Kitkat တို့လို Android
Version တွေ ကို Phone မှာ Install လုပ်ခြင်း ပါပဲ၊ ဖုန်းတိုင်းမှာ မတူညီ တဲ့ Firmware နဲ့ installation
Tool တွေ ရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင် မှာတော့ မဟုတ်ပါဘူး၊
တစ်ခုတော့ရှိတယ်၊

ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကို ဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရ
မယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပြီး ROM ထဲက Firmware ကို Updateလုပ်
နိုင်မှာလဲလို့ တွေးစရာပါ၊ သဘောတရား အရ တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာ
တော့ Developer တွေက ROM ရဲ့ အပြင်မှာ Firmware ကိုထည့်ရေး ကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware
ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့ သီအိုသီ သဘောမှာ Firmware က ROM ထဲမှာရှိတယ်၊
ROM ဆိုတာ ReadOnly Menory, ရှေ့က ထုတ် ခဲ့တဲ့ ဖုန်းတွေ မှာတော့ Firmware က ROM ထဲမှာရှိ
တယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေ မှာတော့Firmware ကို ROM မထည့်
တော့ပါဘူး၊ Firmware ကို ဖုန်း ရဲ့ internal flashmeonry ထဲမှာ ထည့် ထား တယ်၊၊ internal flash
meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့် firmware အသစ် တစ်ခုကို flash လုပ်လို့ ရတာပေါ့၊

Flashing ဆိုတာဘာလဲ
Flashing လုပ် တယ် ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်း တာကို
ဆိုလို ပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာ ရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ
Custom ROMs ကို Stock ROMs အစား Flashing လုပ်ပြီးတော့ ဖုန်းထုတ်တဲ့ကုမ္မဏီကထည့်သွင်းပေး
လိုက်တဲ့ Functions တွေကို ပြောင်းလဲ ပြီး ပိုမိုကောင်းမွန်တဲ့ Unlimited ၀င်ဆောင်မှုကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲ
Android System ရဲ့ Hardware Layer အပေါ်မှာ ရှိတဲ့ Linux Kernel ကိုလိုသလို ထိန်းချုပ်လို့ရနိုင်မယ့်
အခွင့်အရေးရချင်လို့ Root accessလုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ်
လို့ခေါ်ပါတယ် Root Access ရသွားရင် Android File System ကိုစိတ်ကြိုက်ပြုပြင်နိုင်ပါတယ် Android
File System ထဲမှာ အဓိကပါဝင်တဲ့အလွှာ (Partitions) ၆ ခုကို လိုသလိုအသုံးချနိုင်ရင် Booting နဲ့ပတ်
သက်တဲ့Process တွေ အားလုံးကို ထိန်းချုပ်နိုင်သလို File System ထဲက တန်ဖိုးတွေနဲ့ ထိန်းချုပ်မှူတွေကို
လဲ လိုသလို ပြုပြင်နိုင်ပါပြီ၊ ဒါတင် မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol)
(သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပြီ၊

Android System ရဲ့လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှ လုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့အပြင်
Arbitrarycommands တွေလဲ အသုံးပြုနိုင် သွားပါတယ်၊ အခြား အခြား အခြား သော အချက်တွေအများ
အများကြီး ကိုလဲ လုပ်နိုင် ပါသေးတယ်၊ ဒီ အချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊

ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ် ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကို ရောင်းချတဲ့အခါ
Softwarerestrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေ ပါလာရတဲ့ အကြောင်း အ
မျိုးမျိုး ရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ ပစ္စည်းကို အသုံးပြုတဲ့သူတွေကို ကာကွယ်ပေးဖို့ ဆိုပြီး
Restrictions ထည့်ပါတယ်၊ ဘယ်လို အကြောင်းကြောင့် ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေ ပါဝင်နေခြင်းဟာ
Androidဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ ပုံစံ အတိုင်းပြောင်းလဲဖို့ ကြိုးစားတဲ့ အခါ မျိုး (သို့) အ
ဆင့်မြင့်တဲ့ ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့ အခါမျိုးမှာ ကာဆီး နေတတ်ပါတယ်၊ ဒီလို အကာ အဆီးကို
ကျော်ဖြတ်ပြီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root accessရဖို့ကြိုးစားကြပါတယ်၊

Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက ကန့်သတ်ထားတဲ့ ကန့်သက်ချက်
တွေကို ချိုးဖြတ်ပြီး software ကို အကန့်အသတ် မရှိ အသုံးပြုခြင်း ပါပဲ၊ ဒီလို Rooting လုပ်ခြင်း အားဖြင့်
ကျွန်တော်တို့ကိုကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလိုပြုပြင်လို
သမျှကို ပြုပြင်သွားနိုင်ပါတယ်၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ
Stock ROM နဲ့ Custom ROM ဆိုပြီး နှစ်မျိုး ရှိမယ်၊ Stock ROM က ဖုန်း ၀ယ် တုန်း က ပါလာတဲ့ Phone
Operation System. Stock ROM မှာ Software Restriction တွေ ထည့် သွင်း ထားတဲ့ အ တွက် စိတ်
ကြိုက် အသုံး ပြု ခွင့် မရတဲ့ Operation System ဖြစ်နေ ပါ တယ်၊ Custom ROM ဆို တာ ကတော့ OS
Version တစ်ခု ပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေ လိုပဲ Android Device တစ်ခုလုံးကို အ
လုပ် လုပ်စေ တဲ့ Kernel ပါတယ်၊ System Applications တွေ ပါမယ်၊ Services တွေ ပါမယ်၊ တစ်ခုပဲ ကွဲ
သွား တာက စိတ်ကြိုက် တည်ဆောက် ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction တွေ မပါခြင်းပါပဲ၊

ဒီတော့ Custom ဆိုတဲ့ စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်
Developers တွေက Stock ROMS တွေ အခမဲ့ ယူလို့ ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ ရတယ် ဖျက်ပစ်
လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာ ထပ်ထည့်နိုင်တယ်၊

အရည် အချင်း ရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပြီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်
တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲ
ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊

သူ့ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြား ချိတ်ဆက် နိုင်တဲ့ တံတားတစ်
စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံ ထားပါ တယ်၊ ဒီတော့ computer adb server ကို
အသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Clientကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပြီး
commands တွေကို အလုပ် လုပ်စေနိုင်ပါတယ်၊ ဖုန်းအလုပ် လုပ်ပုံတွေ မမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက
တော့ အမှားရှာပြီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊

ဒီ နည်း အတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands
တွေပို့ပြီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင်မှူကို ခံစားဖူးအုံးမှာ မဟုတ်သေးပါဘူး၊

Baseband ဆိုတာဘာလဲ
Baseband ဆိုတာ ကတော့ ဖုန်းတွေမှာ သုံးတဲ့ Raido ကို ဆိုလို ပါတယ်၊ ဖုန်းVersion နဲ့ ထုတ် လုပ်တဲ့
ကုမ္မဏီ အလိုက် Raido Version တွေလဲ ကွာပါတယ်၊

Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်
ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ ကိုက်ညီမှု မရှိရင် တော့ MMS, 3G data, VM နဲ့ Net
work ပြသနာ တက်နိုင် ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို
ရွေးချယ်နိုင်ဖို့ လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်၊

Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functionsတွေကိုသုံးပီး Wi
-Fi နဲ့ GPS တို့ ချိတ် ဆက် အသုံးပြု နိုင်စေ ပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပတ်သက် တဲ့ ပြသနာမျိုး
Android Device မှာတွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပြီ၊ Radio Firm
ware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင် မှုတွေကို ပိုမို ကောင်းမွန်လာ မှာ ဖြစ်သလို Bettery
အသုံးပြုမှု ကိုလဲရှော့ချပေးနိုင်ပါတယ်၊ ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊
ဒီ Chipsetsတွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ကုမ္မဏီတွေက Develop လုပ်
ကြပါတယ်၊။။



No comments:

Post a Comment